DTVET Learning Management System လွှင့်တင်ခြင်းအခမ်းအနား

Read Time:3 Minute, 24 Second

Myanmar Digital Education Platform တွင် DTVET Learning Management System စတင်လွှင့်တင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက Myanmar Digital Education Platform တွင် DTVET Learning Management System စတင်လွှင့်တင်မှုနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက် Myanmar Digital Education Platform အား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဦးတင်မောင်မောင်အေးမှ DTVET Learning Management System ၏ နည်းပညာ ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးက Myanmar Digital Education Platform တွင် DTVET Learning Management System အား Computer တွင် Click နှိပ်၍ စတင်ဖွင့်လှစ်ပေးသည်။နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနည်းပညာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သင်တန်းဌာနများမှ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များကို Digital Learning Management System စနစ်ဖြင့် Online အသုံးပြု၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ အသုံးပြုဆောင်ရွက်နိုင်ကြစေရန်နှင့် ကျောင်း သား၊ ကျောင်းသူများ အပါအဝင် TVET ကဏ္ဍအား စိတ်ပါဝင်စားသော အများပြည်သူများမှ Myanmar Digital Education Platform တွင်ရှိသည့် နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍ၌ ထည့်သွင်းတည်ဆောက် ထားသည့် DTVET LMS စနစ်သို့ ဝင်ရောက်ပြီး မိမိတို့လေ့လာသိရှိလိုသည့် ပညာရပ်များကို ကိုယ်တိုင်လေ့လာသင်ယူခြင်းဖြင့် သင်ယူတတ်မြောက်နိုင်စေရန် ရည်ရွယ်၍ Myanmar Digital Education Platform(MDEP) တွင် စတင်လွှင့်တင်ခြင်းဖြစ်သည်။DTVET LMS ၏ ကိုယ်တိုင်လေ့လာသင်ယူခြင်းကဏ္ဍခွဲတွင် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သက်မွေးပညာ သင်တန်းကျောင်းများတွင် ဖွင့်လှစ်သင်ကြား လျက်ရှိသော အထူးပြု ဘာသာရပ်(၉) ခုနှင့် Workplace Safety ဆိုင်ရာ Knowledge Sharing ဗွီဒီယိုများ အပါအဝင် စုစုပေါင်း သင်ကြားရေးဗွီဒီယို (၄၁) ခုနှင့် သက်ဆိုင်ရာဗွီဒီယိုအလိုက် ဉာဏ်စမ်းမေးခွန်းများ (Quizzes) အား ထည့်သွင်းထားရှိပြီးဖြစ်သည်။ဦးစီးဌာနအနေဖြင့် သင်တန်းနှစ်အလိုက် ပြဋ္ဌာန်းစာအုပ်များကို Ebook အဖြစ် ဆောင်ရွက်ခြင်း၊ သင်ကြားရေးအရင်းအမြစ်များ (Digitalized Course Videos and Assessments) ထည့်သွင်း ခြင်း၊ မွမ်းမံသင်တန်းများအတွက် Digitalized TOT Videos and Teaching Materials များ ထည့်သွင်း ခြင်းနှင့် လုပ်ငန်းခွင်အကြိုသင်တန်းများအတွက် Digitalized Pre-TOT Videos and Materials များ ထည့်သွင်းခြင်းတို့ကို ဆက်လက်လျာထားဆောင်ရွက်သွားမည်ဖြစ်သည်။အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရ နည်းပညာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သင်တန်းဌာနများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၇၇၇) ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်