ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်

အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)အား အောက်ဖော်ပြပါရည်ရွယ်ချက်များ ဖြင့် ဖွင့်လှစ်သင်ကြား ပို့ချ လျက်ရှိပါသည်-
(က)    ဒေသအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှ သတ်မှတ်အဆင့်မီသူတိုင်း အင်ဂျင်နီယာပညာရပ်များကို မိမိဒေသအတွင်း၌ပင် လေ့လာသင်ယူနိုင်ရန်၊
(ခ)    ခေတ်နှင့်အညီ ဖြစ်ပေါ်လာသော အင်ဂျင်နီယာပညာရပ်များ သင်ကြားပေးနိုင်ရန်၊
(ဂ)    နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် အကျိုးပြုနိုင်သော အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာကောင်းများ မွေးထုတ်ပေးနိုင်ရန်၊
(ဃ)    အသိပညာပြည့်ဝသော အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် ပေးရန်နှင့် မွေးထုတ်ပေးရန်၊